Mar
4
2010
ရန်ကုန်
အဲဒီမြို့ကြီးကလူတွေပေါသလောက် သူစိမ်းတွေများတယ်။
ဆူညံသလောက် စကားနည်းတဲ့မြို့
ကျွန်တော့်ကို မော်ဒန်လူ့ယဉ်ကျေးမှုနဲ့မိတ်ဆက်ပေးခဲ့တယ်။
ငါးတွေများသလောက် မျှားရခက်တဲ့မြို့
ကျွန်တော့်ကို တစ်ယောက်တည်းနေတတ်စေခဲ့တယ်။
ဟန်ဆောင်တတ်လွန်းတဲ့မြို့
ကျွန်တော့်တောင်ပံတွေကို အရောင်ဆိုးပေးပြီး အပျံသင်ပေးခဲ့တယ်။
အဲဒီမြို့ကြီးက ကျွန်တော့်ပါးစပ်ကို ရင့်ကျက်စေခဲ့တယ်
အပြောကျယ်သလောက် အရောက်နှေးကြောင်း သက်သေပြတယ်။
တစ်ခါပြုတ်ကျတိုင်း သင်ခန်းစာထပ်ပေးပြီး
နာကျင်စေသလောက် ပညာသင်ပေးတယ်။
အဲဒီမြို့က ကျွန်တော့်ကို
အားမနာတတ်အောင် မျက်လှည့်ခဲ့ပြတယ်။
အဲဒီမြို့ကြီးကြောင့် ကျွန်တော့်လေသံတွေ တည်ငြိမ်စေခဲ့တယ်။
သူ့အိတ်ကပ်ကြီးက ရှာလို့မကုန်နိင်အောင်လျို့ဝှက်တတ်သလို
ကျွန်တော်စိတ်ပျက်ရသလောက် စိတ်ချမ်းသာစေတယ်။
အဲဒီမြို့ကြီးကို ချစ်ခဲ့သလောက် ကျွန်တော်မုန်းခဲ့တယ်။
ပြီးတော့…..
ကျွန်တော်သောင်တင်နေခဲ့တယ်
အခုထိ သဘောင်္မဆိုက်သေးဘူး။
(ဇာဏီ)
VN:F [1.8.4_1055]
Rating: 10.0/10 (1 vote cast)
VN:F [1.8.4_1055]
Popularity: 72% [?]
16 comments | posted in ကဗျာ
Mar
1
2010
အညတရ နေ့လည်ခင်း
မျက်နှာကျက်တွေ အလိုက်မသိပုံများ
အဖျားတွေ တရိပ်ရိပ်တက်လို့
အမှုန်မွှားအချို့ကြောင့်
အောက်စီဂျင် လုံလုံလောက်လောက်မရဘူး
ဖြစ်သလို အဆုံးသတ်လိုက်ရတဲ့ နေ့လည်စာတစ်နပ်အလွန်မှာ…
နီကိုတင်းငွေ့အချို့နဲ့ ရေဒီယိုသံဇဉ်အချို့က
မြို့ပြလိုပဲ လူလုံးကွဲမနေဘူး
ခမ်းနာတာဆိုလို့ နံရံပေါ်က ပိုစတာ တစ်ချပ်ပဲရှိတယ်လေ
နဖူးအပူချိန်ကတော့ နံရံပေါ်ကသမာဓိတွေကို
ကျွန်တော့် ရင်ဘတ်ထဲ ဆွဲသွင်းနေလေရဲ့။ ။
ဇာဏီ
VN:F [1.8.4_1055]
Rating: 10.0/10 (1 vote cast)
VN:F [1.8.4_1055]
Rating: +2 (from 2 votes)
Popularity: 51% [?]
7 comments | posted in ကဗျာ
Feb
22
2010
ဆုတောင်း
ဇိမ်ခံရွက်လှေပေါ်က
ဝိုင်နီခွက်အကြောင်းနားထောင်ရတာ
ကျွန်တော့်ဆံပင်တွေတောင် အညှော်နံ့ရတယ်။
အဲဒီတန်ဖိုးက
ရွှက်ဖျင်တဲ တော်တော်များများကို
တိုက်ဆောက်ပေးနိင်ရဲ့ဗျာ။
ကမ္ဘာကြီးက ရွာဖြစ်သွားတော့
မိုးပေါ်ပျံတက်နေကြပုံများ
ဖုန်ကပ်နေတဲ့ ညစာတွေကိုလည်း သနားမိလေရဲ့။
အတုယောင်တွေ ဇယားထိပ်ရောက်နေသရွေ့
ပိုင်ဆိုင်မှူတွေကလည်း
အပြုသဘောဆောင်ပြီး ဦးထောင်နေကြမှာပဲ။
ဖိအားပေးပြီး ဆောင့်ချလာတဲ့လက်ဝါးကြီးတွေကို
အမောဖောက်နေတဲ့ လက်ချောင်းတွေ တင်းခံနေကြနဲ့
အံသွားတွေ ပွန်းကုန်ပဲ့ကုန်ရဲ့လေ။
အလံမထောင်နိင်သရွှေ့တော့
မျက်နှာလွှဲနေရုံလေးပဲ ရှိတော့ပေါ့
ကျွန်တော့် အိပ်မက်ကိုယ်၌က ရွက်ဖျင်တဲထဲမှာ ပဲရှိပါသေးတယ်။
အခွင့်ရေးလေးတစ်ခု ကောက်ရချင်ရဲ့(တကယ်လို့များ)
ရိုးသားမှုတွေအတွက် တံတိုင်းလေး အရောင်ခြယ်ဖို့
ကမ္ဘာ့ရွာအလယ်မှာ ဆေးအဖြူကန်တစ်ကန် တည်ဆောက်ပေးပါ။
လက်ဝါးကြီးအောက်ကနေ
လက်ချောင်းလေးတွေ အတောင်ပေါက်ပြီး
လုပ်အားလာပေးနိင်လောက်ရဲ့။ ။
ဇာဏီ
မှတ်ချက်။ ။ဒီပို့(စ်)လေးကို ZOX က လာတဂ်ထားတာပါ။အစ်ကိုရေ..ကျွန်တော်က ကဗျာရေးတာမကောင်းလို့ သည်းခံဖတ်ပေးနော်ဗျာ…ဟီး။
VN:F [1.8.4_1055]
Rating: 8.0/10 (2 votes cast)
VN:F [1.8.4_1055]
Popularity: 46% [?]
4 comments | posted in ကဗျာ, တဂ်
Feb
21
2010
လွယ်အိတ်ထဲက ကဗျာတစ်ပုဒ်
အိမ်မြောင်တွေ
ဘ၀ကိုဖေါ် ပြပုံက
တောင်တန်းနဲ့ မြက်ရိုင်းခြောက်တွေမပါဘူး။
ခွေးအူသံထဲက ထွက်ကျလာတဲ့ပန်းသီးဟာ
တတိယတန်းစားလူငယ်အတွက်တော့
အိပ်ခန်းနံရံက
လိင်ဆွဲဆောင်မှုရှိတဲ့ ဟောလိဝုဒ်မင်းသမီးတစ်ယောက်ရဲ့ 
ပိုစတာပဲ ဖြစ်လိမ့်မယ်။
အဲဒီလိုနဲ့ 
ကားမှတ်တိုင်မှာ ကျပျောက်ခဲ့တဲ့
ဖန်စီလက်စွပ်လေး တစ်ကွင်းက
ရန်ကုန်မြို့ ရဲ့ စရိုက်ကို
ပုံပြင်တစ်ပုဒ်လို ပြောပြလာတယ်။
တကယ်တမ်းကျ
ကိုယ့်အတွေးနဲ့ ကိုယ်လမ်းလျှောက်ရတာလောက်
ဘယ် ဟိုတယ်မှ မခမ်းနားနိုင်ဘူး။
နားထဲကို လောင်းထည့်ခံရတဲ့
အသည်းကွဲသီချင်းဟာ
ငါ့အတွက်တော့
နောက်ဆုံးရသတင်းပဲ ဖြစ်တယ်။
ကော်စမတ်တစ်မသုံးတတ်တဲ့
ပိုးဟပ်တစ်ကောင်ရဲ့  ရာဇ၀င်ဟာလည်း
အပျော်ကြည့်ရုပ်ရှင် သက်သက်ပဲဖြစ်လိမ့်မပေါ့။
စိတ်ရဲ့ ဂြိုဟ်တုအစင်းစင်းနဲ့ 
မျက်ခြေမပြတ်စောင့်ကြည့်ခံရတဲ့ ဒဿနတွေလို
ဟေတီငလျင်ဟာ ကိုယ်နဲ့ မဆိုင်သလို
အစာစားနေတဲ့ခိုတစ်အုပ်ကို
သွေးအေးအေးနဲ့ ငေးနေလိုက်တယ်။
အခြေအနေအရပ်ရပ်က
မနေ့ တစ်နေ့ ကလိုပဲ၊
ချစ်ခြင်းမေတ္တာဟာ
အိမ်ခြံမြေတွေလို
တရိပ်ရိပ်ဈေးတက်လို့ ။
ခွဲစိပ်ဓါးမကိုင်ဖူးတဲ့လက်နဲ့ 
လေထုကြီးတစ်ခုလုံးကို ဆုပ်ကိုင်ထားရတယ်၊
ဒါပေမဲ့
ပုခုံးပေါ်ကလွယ်အိတ်ဟာ
လူလူသူသူမရှိလှဘူး။
ကွန်မြူနစ် မဖြစ်ဘူးတဲ့လူငယ်ဟာ
မော်တော်ကားကို မုန်းတယ်၊
မော်တော်ကားကိုမုန်းတဲ့ လူငယ်ဟာ
အဝေးပြေးလမ်းမကြီးကိုတော့
အရာအားလုံးထက် ချစ်နေပြန်သတဲ့။
ဓာတ်ကြိုးပေါ်က သေနေ့ စေ့နေတဲ့ခိုတစ်ကောင်လို
စိန်ပန်းပင်အောက်က ကဖေးဆိုင်လေးထဲ
လမင်းဖွေးဖွေးကို တစ်ရှူးစက္ကူတွေနဲ့ 
သန့် ရှင်းအောင်သုပ်လို့ ။
ကိုယ်က
အိမ်ပြန်နောက်ကျတဲ့ လူသား
ညည်းစရာသီချင်းရှားတယ်။
နေ့သစ်
(www.naethit-nt.co.cc)
VN:F [1.8.4_1055]
Rating: 10.0/10 (1 vote cast)
VN:F [1.8.4_1055]
Popularity: 64% [?]
5 comments | posted in ကဗျာ, ကျွန်တော်နှစ်သက်သော ကဗျာများ
Feb
20
2010
| (၁)ကိုယ့်ကို ဒီလိုခေါ်ကြတယ် |
ဘရာဗို၊ဇာဏီ၊ငဏီ။ |
| (၂)အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က |
အဲလိုတော့ သတ်မှတ်မထားပါဘူး၊ လိုက်ဖက်မယ်ထင်တဲ့ အ၀တ်အစားမျိုး ၀တ်တယ်
ပေါ့ပေါ့ပါးပါးကြိုက်တယ်။အရောင်ဆိုရင်… အနက်။ |
| (၃)အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ |
အကြိုက်ဆုံး စားစရာဆိုရင်တော့…ငရုတ်သီးကလွဲရင် အကုန်ကြိုက်တယ်။ ပင်လယ်စာ။ပေါက်ဆီ။
အကြိုက်ဆုံး သောက်စရာကတော့ ကော်ဖီ။ |
| (၄)အကြိုက်ဆုံး ပစ္စည်း |
အနက်ရောင်တီရှပ်၊ Scholl ဖိနပ်။ |
| (၅)လိုချင်တဲ့ လက်ဆောင် |
ချစ်သူဆီက အပြူံးလှလှ။ |
| (၆)အကြိုက်ဆုံး ဇာတ်ကား |
Avatar |
| (၇)အကြိုက်ဆုံး ဟာသဇာတ်ကောင် |
မြန်မာမင်းသားမှာ….မင်းမော်ကွန်း(သူက ဟာသကားတွေရိုက်တယ်နော်)၊မစ္စာ ဘီး။ |
| (၈)အကြိုက်ဆုံးစာရေးဆရာ |
စာအုပ်သိပ်မဖတ်ဖြစ်လို့……..သီးသန့်မရှိပါဘူး၊ မော်ဒန် စာရေးဆရာတွေကို ပဲ နှစ်သက်မိပါတယ်။ |
| (၉)အခိုက်ဆုံးစာအုပ် |
သုည |
| (၁၀)အချစ်ဆုံးသူရှိရင် |
အမှန်တိုင်းပြောရရင်.. ယုန်မလေး။ |
| (၁၁)ရင်အခုန်ဆုံးအချိန် |
ယုန်မလေးကို သွားစောင့်နေတဲ့အချိန်။ |
| (၁၂)ဘ၀ဆိုတာ |
ပြဇာတ်လိုလို. တောလိုက်နေရသလိုလိုပါပဲ။ |
| (၁၃)စိတ်တိုရင် ဘာလုပ် |
မုန့်စားပါတယ်(အ၀တီးပြီး အိပ်ပစ်တယ်) |
| (၁၄)အကြိုက်ဆုံးသီချင်း |
အဲလိုတော့ မသတ်မှတ်ထားဘူး တိုက်ဆိုက်တှဲု့ သီချင်းတွေမျိုးကြိုက်တယ်။ |
| (၁၅)။ဝါသနာ |
ကဗျာရေးတာ၊ သီချင်းဆိုတာ၊ရေကူးတာ၊အရည်မရ အဖတ်မရပြောတာ။ |
| (၁၆)မီးခွက်စောင့်ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု |
မိသားစုနဲ့ ချစ်သူလေးနဲ့အတူ အေးအေးချမ်းချမ်းနေရပါစေ။ |
| (၁၇)လက်ဆွဲဆောင်ပုဒ် |
ပြီးသွားမှာပါကွာ။ |
| (၁၈)အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက |
ဘောလုံးပွဲ(မန်ယူ)ပွဲသွားကြည့်လို့။ |
| (၁၉)ချစ်သူကို ဆိုပြချင်တဲ့ သီချင်း |
ယုံပါ(မောင်မောင်ဇော်လတ်) |
| (၂၀)ပြောပြချင်တဲ့ ဟာသတိုလေး |
ဘရာဗိုက ခန့်ချောကြီးနော်။ |
ဒီပို့(စ်)လေးကို ညီလေးလေတံခွန်က လာတဂ်လို့ ရေးပေးလိုက်ပါတယ်
ညီလေးရေ…ကျေနပ်ပါကွာ.ရန်ကုန်ကျောင်းမြန်မြန်ပြောင်းရပါစေနော်
VN:F [1.8.4_1055]
Rating: 0.0/10 (0 votes cast)
VN:F [1.8.4_1055]
Popularity: 48% [?]
2 comments | posted in တဂ်
Feb
19
2010
တောခြောက်ခြင်း
ပြဇာတ်က နေသလိုလို
အမဲလိုက်နေ သလိုလိုနဲ့
နေ့ခင်းတစ်ဝက်တော့ စောင်းကျသွားတယ်။
ပြဇာတ်ကနေ သလိုလို
တောခြောက်နေသလိုလိုနဲ့
ဘာမှမရှိတဲ့အနံ့ကိုပဲ ရှူရှိုက်မိလေရဲ့။
မုဆိုးလိုလို မင်းသားလိုလိုနဲ့
ငါးမရလည်း ရေချိုးပြန်ခဲ့မယ်
ပြဇာတ်ကသလိုလို အမဲလိုက်သလိုလိုနဲ့ပေါ့။
ဇာဏီ
VN:F [1.8.4_1055]
Rating: 0.0/10 (0 votes cast)
VN:F [1.8.4_1055]
Popularity: 59% [?]
6 comments | posted in ကဗျာ
Feb
15
2010
ပြန်ဆုံချင်ရဲ့မျက်ဝန်းရယ်
ဘ၀ကိုအရောင်မခြယ်တတ်တော့
အရည်လဲ့လဲ့နဲ့မျက်ဝန်းတစ်စုံကိုပြန်ရင်ဆိုင်ရဖို့
ပုစ္ဆာက အဲလောက်ခက်သလားကွာ
ဒီလိုဆိုလာတိုင်းပေါ့
အတိတ်ချိုချိုကိုတစ်ခေါက်ပြန် ဖောက်သောက်ဖြစ်တယ်
ဖွဖွဆိုရုံလေးအကျင့်လုပ်ထားတဲ့သူမရဲ့ရယ်သံများ
ရင်ခွင်ကပ်ဆံနွယ်စအချို့
သေရာပါ သင်းရနံ့အချို့နဲ့
အစိုးမရလိုက်တဲ့ညနေတစ်ခုကိုလည်းလွမ်းမိရဲ့
အခန်းနံရံကြီးလဲ ဖုန်တွေနဲ့ခြယ်ပြနေတော့
ပုစ္ဆာအဖြေထုတ်ဖို့က အိပ်မက်ဖြစ်လာခဲ့တယ်
အတင်းရိုက်ချိုးခံနေရတဲ့ အိပ်ယာဝင်စာသားများ
ထိုင်ခုံအလွတ်များနဲ့ကမ္ဘာတစ်ဖက်ခြမ်း
ခြေလှမ်းတစ်စချင်းမှာ တစ်ကောင်ကြွက်ဖြစ်တော့
လွမ်းဆွတ်မှုကိုခဏစတေးထားရင်း
အ“စ” တွေကို ပုံဖော်ဆစ်ထုလိုက်
အရည်လဲ့လဲ့မျက်ဝန်းတစ်စုံကို ပြန်ငေးမိလိုက်နဲ့
ရင်နှစ်စုံကပ်ဖို့ပြန်တွေးတိုင်း
အဆောင့်ခံ နေရတယ်။ ။
ဇာဏီ
အပေါ်က ကဗျာလေးကို ရေးထားတာနည်းနည်းကြာပါပြီ။
အဲဒီကဗျာလေးကိုမြန်မာချက်အွန်လိုင်းရဲ့ ချစ်သူများနေ့အထိမ်းမှတ် ကဗျာပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တာ. ဒုတိယ ရသဗျ။ဘာပဲ ဖြစ်ဖြစ်ပျော်မိတာတော့အမှန်ပါပဲ။
ချစ်သူများနေ့မှာ အချစ်ကဗျာမဟုတ်ပဲ အလွမ်းကဗျာနဲ့ဝင်ပြိုင်တာပါ။သိတယ်မလား ကျွန်တော်ဆိုတဲ့ကောင်က အလွမ်းအခံလေးရှိနေတာကိုး။ ။
(ဆုရရှိသူက (၅)ယောက်ပါ။မကြာခင် e-book ထုတ်ပေးမယ်လို့ပြောပါတယ်)
VN:F [1.8.4_1055]
Rating: 10.0/10 (1 vote cast)
VN:F [1.8.4_1055]
Popularity: 86% [?]
12 comments | posted in ကဗျာ